Thursday, October 11, 2007

ရုက္ခစိုး ဆုပန်တဲ့ ကြွက်

ရုက္ခစိုး ဆုပန်တဲ့ ကြွက်

ဇတ်လမ်းက မဆုံးသေးဘူး
ဘုန်းမောင်က တယောက်ထဲ ဖြစ်ရပီ
ချစ်သူတို့ ရဲ့  မိုးရေ
ရွက် မရှိရင် တက်
တက်မရှိရင် လက်တဲ့ .
ပကာသနမှာ ဇတ်ပျက်ပေမဲ့ 
ကဗျာရေးတဲ့ လက်ဆိုတော့
တကောင်ထဲ ဒါပေမဲ့  !!! ကြွက် !!! လို့ .
လောကကို သရော် ဟန်လုပ်ရင်းပျော်ပါတယ်
အငြိမ်းချမ်းဆုံး အမေ့အိမ်
အနွေးထွေးဆုံး ညစာ
ဘယ်သူ မတပ်မက် ရှိပါ့မလဲ.
ကံစီမံရာမို့  အပြစ် မမြင်ရက်ပါ ချစ်သူရယ်
ကြွက်ကတော့ အကုန်မရလို့ 
ဘာမှ မလိုချင် သေးဘူးကွယ်.
ဒီအချိန်မှာ ကြွက်လွမ်းတာက
အိပ်ကောင်းမှ ယောင်အော်တဲ့ ချစ်သူရယ်
အပူကိုက်လို့  ၀က်ရိုးကိုက်တဲ့ ချစ်သူရယ်
ရုံတင်ကားသစ် အကြောင်း ပြောမဲ့ ချစ်သူရယ်
မြည်တွန်အော်ဟစ် စကားများမဲ့ ချစ်သူရယ်
အဆီအငေါ် တည့် စွာ ပဲ လွမ်းမိပါတယ်.
အဆင်လဲ ပြေ အချိန်လေး နဲနဲ ရတဲ့ အခါ
ဒရ၀မ်လေး တယောက်အဖြစ်
စပယ်ယာလေး တယောက်အဖြစ်
ဘော်ဒီရုံ လုပ်သားလေးအဖြစ်
ချစ်သူရဲ့ အိမ်မှာ နေခွင့်တော့ ပြု ကွယ်.
ခုတော့ ချစ်သူရဲ့  ကြွက် ဟာ
စနေည လမိုက်တိုင်း
ဘီယာလေး တကြိုက် ကြိုက်
ဝံပုလွေ တသိုက်နဲ့  ကခုန်ရင်း
တွယ်ရာမဲ့  သန်းတကောင်ရယ်
လေလွင့်နေတဲ့  အပျံသင် ငှက်တကောင်ရယ်
မသေချင်တဲ့  သုဘရာဇာ ရယ်
အချစ်တွေကို ကျီးကန်းလို အော်တောင်းနေတဲ့ 
ကဗျာ ဆရာရယ်
လွဲမှားစွာ အဆွေ ခင်ပွန်းဖွဲ့ ခဲ့ပေါ့.
သံသရာထဲက ရေပွက်
ချစ်သူတို့ ရဲ့  ကြွက်
ရုန်းမထွက် နိုင်ခဲ့ရင်
ချစ်သူရေ….
နောက်ဘ၀အတွက်တော့
ရုက္ခစိုး သက်သက်သာ ဖြစ်ပါစေကွယ်.

စာပေအနုပညာ မြတ်နိုးသူများ (ကိုရီးယား) သို့ 

သော်တာထက်

Tuesday, October 9, 2007

ဖြေ

ဖြေ


ဘ၀တခု အစပြုမယ်
စိတ်ကရွယ်လျှက်
လောကအလယ် ဂုဏ်မကြွယ်ပဲ
ရင်ဝယ်စွဲနစ် ငါချစ်ခဲ့တာ
မှားသလား.

ဘ၀တဆစ် ကျအရစ်မယ်
ရင်ဝယ်မျိုသိပ် အချစ်စိတ်ကို
တဆိတ်ဖွင့်လှစ်
ပြောပြဖြစ်တာ
အပြစ်ငါ့မှာ ရှိသလား.

သို့ မဟုတ်လျှင်
တွယ်တာနှောင်ရစ်
သံယောဇဉ် ဖြစ်
မေတ္တာစစ်ကို
ဖြေပါသော်လဲ မပြေနိုင်.

ဥပေက္ခာနဲ့  စာနာစိတ်သုံး
မင်းကမုန်းပီး မင်းရဲ့ အပြုံး
မင်းနှလုံးကို
ဓနဂုဏ်ထက် ဂဟေဆက်လို့ 
အပျော်ကြီးပျော် မော်နေရှာတဲ့ 
ဂုဏ်ကြီးရှင်တို့  နှလုံးသားလား.


မြတ်နိုးငယ်

Sunday, September 30, 2007

2007.09.30. ကိုရီးယားနိုင်ငဲ ပူဖြောင်းဘူတာရှေ့ မှ ဆုတောင်းပွဲ



2007.09.30 ဆိုးလ်မြို့  နအဖ သံရုံးအနီးဆန္ဒုပြပွဲ





Saturday, September 29, 2007

2007.09.29 ည၇နာရီ ကိုရီးယား ဆိုးလ်မြို့ တော်ခန်းမ အနီး ဆုတောင်းပွဲ မှ ဓတ်ပုံများ













Sunday, August 5, 2007

Tuesday, July 3, 2007

ရင်တွေနဲ့  ရင်းခဲ့ရင်

မိုး……..
ညိုပီလေ.

ခွဲ……..
ခွာပီလေ.

ဒီရင် မှာ မစဲဆူလှိုက်သဲအောင် ရွာတော့
သံယောဇဉ်မိုးရေ.

နှတ်ဆက်ခြင်းတွေရဲ့ အဝေး
ဆုံဆည်းရာ နယ်နမိတ်လေးထဲက
ရင်ခတ်အနမ်းတွေ မသွေ့ ခြောက်ခင်
တွေဝေခြင်းတွေကို ဆန့် ကျင်လို့ 
မင်းရဲ့  ရင်ခွင်ဟောင်း ဒါမှမဟုတ်
အနှိုင်းမဲ့  လွင်ပြင် မှာ
ပန်းတွေမခင်း
ရင်တွေခင်းလို့ 
ကြိုနေမယ်လေ
မင်း…….
နင်းလျှောက်လာမဲ့  အချိန် ကိုပေါ့.

ရာမ ၂၅

Tuesday, June 19, 2007

ညတခု၏ လွမ်းချင်း

လသာရာလမ်း
လျှောက်ဖူးကြတယ်.
ည အမှောင်တွေထဲ
ချစ်သူ လက်နွေး ကိုင်ထွေးလို့ ပေါ့.

လေပြေတွေကိုနမ်း
အကြင်နာတွေ စမ်းကြရင်းနဲ့ 
မောင်…ငါတို့ နီးကြဖို့  ဘာလို့ မကြိုးစားခဲ့တာလဲ တဲ့ .

လရောင်အလက်မှာ ကြွေခဲ့တဲ့ ကြယ်လေးကိုငေးရင်း
မြတ်နိုးခြင်းဆိုတာ အချစ်မှာမပါခဲ့လို့ 
ရောင်စဉ် မညီတဲ့  ဘ၀ထဲ
မခေါ်ရက်လို့ ပါ ချစ်သူရယ်.

မဆုံနိုင်တဲ့  လမ်းထဲ
အမှတ်တမဲ့ ဖြတ်သွားတဲ့  ရေပွက်လေး
ခနနေ အနည်ထိုင်သွားမှာပါ.

ဇတ်သိမ်းကြဖို့  နေ၀င်ချိန်ရောက်လာခဲ့လဲ
အယူခံ မ၀င်တော့ဘူး ချစ်သူရယ်
ငါ့အတွက်……….
နေ၀င်စရာ မရှိအောင်
ည ခဲ့ပီလေ .

ရာမ ၂၅

Saturday, June 16, 2007

လမှာ ပွင့်သော

လွန်လေပီးသော အခါက အတိတ်ဆို
အရိပ်လို လိုက်မလာအောင်
အဆိပ်သောက်ခဲ့  သင့်တယ်.
ရနံမဲ့  သေဆုံးခြင်းတွေထဲ
အလကားရတဲ့ 
ဥပေခါ တရား နဲနဲထဲ့ ပေးပါ
အားပါးတရ ကျဆုံးပါရစေ.
ဘောင်တော့ မခတ်ပါနဲ့ 
အလွမ်းတွေ လွတ်လပ်စွာ မွေးဖွားပါစေလေ.
ပန်မဖြစ်တဲ့  ပန်း
ရည်ရွယ်ရာသို့ လှမ်း နိုင်ဖို့ အရေး
သွေးလှုပေးမယ်.
တော်တန်ရာမထိုက် ရွေလမှာစိုက်
နန်းထိုက်တဲ့ ပန်း
နောင်အစဉ်အေးရအောင်
လေပြေဆောင်သွေးလို့ 
ရင်နင့် အောင် မွှေးစေ.

ရာမ ၂၅

Friday, June 1, 2007

ကြက်ခြေခတ်

မတိုင်တည်ခဲ့ ပေမဲ့ 
မယိုင်ခဲ့တဲ့ 
ရင်နှစ်သည်းချာ ဒီအချစ်ဟာ
ကြမ်းခင်းဈေး သတ်မှတ်လို့ မရပါဘူး.
လော ကကြီး မရပ်တန့် ခင် အချိန်အထိတော့
ဝေဒနာတွေကို ဂူသွင်းမြူပ်နှံ နေရတုံးပေါ့.
မဖုံးနိုင် မဖိနိုင်
ဖျာလိတ်ပတ် ချခဲ့ရတဲ့  နေ့ တွေကလဲ
များ များ လာပီ.
မလျှောက်ချင်တော့ လမ်းမှာ
ငါတော့….လျှောက်နေတယ်
စိတ်ကတော့ နောက်ပြန်လှည့် သွားပီ.
ပိန်းပိတ်အောင် မှောင်နေတဲ့ 
ကြေကွဲညလေးခမျာ
ကောင်းကောင်းတောင် မညရရှာဘူး.
ရှောင်ပြေးခဲ့တာလား
ရှောင်ပေးခဲ့တာလား မသိပေမဲ့ 
နှလုံးသားတွေတော့
ကြက်ခြေခတ် ခဲ့ရပီ လေ.


ရာမ ၂၅

Thursday, May 31, 2007

မရေးတတ်ခဲ့သော ကဗျာ

ပြောပါ..
ဟန်မဆောင်တတ်ခဲ့ရင်ပေါ့.
ညစ်နေတာတွေက တသက်စာပါ
ပုံလှလှလေးတွေ မဆွဲတတ်သူအတွက်
ပန်းချီကား တခု ဘယ်လောက်တန်လဲ မသိခဲ့သူပါ.
ရစ်လိန်နေသော ကြိုးတွေထဲ
ငါ့ စိတ်တွေ ပါလေရာ မျော ခဲ့ပီ.
ညစ်ညမ်းတာတွေထဲ လူတွေပါခဲ့ရင်
ငါ့အတွက်တော့
မင်းဟာ….
ကုမုဒြာပါ.



တီး

Sunday, May 27, 2007

မြတ်ဆုတောင်းတွေ ပြည့် စေ

ဝေးသွားတာ ကျိန်းသေပီလား
ရင်ထဲ တချက်ငုံကြည့် လိုက်လေ
ဘာအရာမှ မကျန်ဘူးလား.
အမာရွတ်တွေ ပျောက်တဲ့ ဆေးပေါ်နေပီတဲ့ 
နဖူးက အမာရွတ်တော့ မပျောက်ချင်ပါဘူး
ကေးဝဠ် ပုဏားလို သတိရချင်လို့ ပါ.
သူဟာ မဟာမဆန်တဲ့  လူတယောက်
သူလိုချင်တာက
တစုံတယောက်ရဲ့  အမိန့် တော်ထဲမှာ
မနိုးသော အိပ်စက်ခြင်းတွေနဲ့ 
ထာဝရအိပ်စက်ချင်သူပါ တဲ့ .
သူ အဖြစ်ချင်ဆုံးက
အဲဒီလို အိပ်သွားတဲ့  အချိန်မှာ
အားပါးတရ လာကြည့် တဲ့ 
ဝမ်းပန်းတသာ မျက်နှာတွေထဲက
အပြုံးတု လှလှလေးတွေကို
ဝိဥာဉ် အဖြစ်နဲ့  ခံစားချင်လို့ ပါတဲ့ .


ရာမ ၂၅

လိုက်မလား

မှော်ရုံတောလဲ မကျွမ်းပဲ
မြစ်တွေကိုကျော်ဖြတ် တောင်တွေတက်
အချစ်တွေကို အလင်္ကာဖွဲ့  .
နဒီတွေကို သက်သေထား
ပင်လယ်ကို ကျော်လွှား
အချစ်ရေ လိုက်မလား .



မှော်ရုံတောမို့  မောပန်း
နဒီကြောက ရှည်လို့ နွမ်း
ချစ်တာတွေက ကြာလေခမ်း .
ပင်လယ်ကြီးက ဟန်တွေဆောင်
တောင်ပြာတွေက ဝေသီခေါင်
…….
နောင် ရင်မအေးမှာမို့ 
မောင်ရေ…
မလိုက်တော့ဘူး.



ရာမ ၂၅

ကြယ်တံခွန်

တဒင်္ဂ ဖြစ်ပေါ်တတ်သော နဂါးငွေ့ တန်းထဲ
ကြယ်ရိပ်မသမ်းသော ဆုံမှတ်လေးတစ်ခု
ပျောက်ကွယ်ချိန်
လပမ်းလို့  နွမ်း
ညချမ်းမို့  လွမ်းတော့
လရိပ်ေ၀၀ါး စိတ်ထွေပြား
စိတ်ကစားခဲ့သော်ငြား
အစားထိုးမရတာ သေချာခဲ့တဲ့ နောက်
နေရောင်ဖျက်လဲ မပျက်
တိမ်မယောင်နဲ့  နက်တဲ့ 
ခုနှစ်စဉ် အလွမ်းတွေနဲ့ 
အမျှင်တွေ တန်းနေဆဲပါ ကြယ်တံခွန်.



ရာမ ၂၅

Tuesday, May 22, 2007

ထွင်းဖောက် တိုက်စားသော

လှိုက်လှဲစွာ ဟစ်ကြွေး
ရင်ကွဲတေး တပုဒ် ချိုမြိန်ဖို့ ဆိုတာ
အလွမ်းခါးခါးတွေ လိုပါတယ်.
ရောင်ပြန်ဟပ်ခြင်း ခံရဖို့ 
ငါ့မှာ
ပြဒါးသုတ်တဲ့  မှန် မရှိခဲ့ဘူး.
ထွင်းဖောက်ခြင်းပဲ ခံရတယ်.
ရေစီးကမ်းပြို လိုက်နေတဲ့ 
ကမ်းပါးတစ်ခုလိုပေါ့.
ကမ်းဆိုတာ ဆိုက်ရောက်သူတွေကို
မျှော်နေတတ်တဲ့ အရာဆိုရင်
ငါဟာ
ကြိုတော့ကြိုနေတယ်
လာသူမရှိတဲ့ 
အတိုက်စားခံ ကမ်းပါးပြတ်ကြီးတစ်ခုပါ.

ရာမ ၂၅

သံသရာ ဇယား

ရင်းတော့ရင်းနေကြတယ်
အတ္တ မာန ငွေ ဓန.
လဲတော့လဲနေကြတယ်
အဖူးအငုံနဲ့  ဦးပြည့် စုံတွေ .
ရင်းကြတယ် လဲကြတယ်
ရှုံးလိုက်နိုင်လိုက်နဲ့ 
ကံတရားကို
ကလားဖန်ထိုးပေးဖို့ 
ဗေဒင်ဆြာတောင် ပါလိုက်သေး.
အဖန်တရာ ထပ်နေတဲ့  နှပ်ကြောင်းတွေ
ဟ ပေးမှန်းသိရက်နဲ့ 
ဝင်တိုးလိုက်ရတဲ့  ဘ၀ငယ်တွေ
တခါတခါတော့ မီးနီ မိကြတယ်.
ဘေထုပ်တွေထဲမှာ အစစ်တွေပါတတ်သလို
အစစ်တွေထဲမှာလဲ ရွံ့ ပိတ်တာတွေ ပါတာပါပဲ.
ဘ၀က သံသရာရဲ့  သွေးသားအရင်းကြီးဆိုတော့
မဆုံးတန်းလည်ပတ်ခြင်းတွေနဲ့ ပေါ့.
ရူးလဲ ရူးနေကြတယ်
ငါရယ် မင်းရယ်
မင်းရယ် ငါရယ်
မင်းကလဲ ငါ
ငါကလဲ မင်း
မင်းရော ငါရောပေါ့.


ရာမ ၂၅

Sunday, May 20, 2007

အဆုံးမဲ့  ခရီးကြမ်း

မျှော်လင့်ခြင်းတိမ်စိုင်တွေ သယ်ဆောင်
ဒီတောင်ရိုးကျော်ရင်
မောင် တိုးပျော်ဖို့ 
အမြဲမဆုံး
ကြယ်စင်မှုန်းတဲ့  ရွေဘုံနန်း
မာယာစင်တဲ့  လွင်ပြင်
အကြင်နာတွေနဲ့  အလင်္ကာ သီဖို့ 
မာန်တွေတင်း အားတွေခဲရင်း
လေထုကြီးတခုလုံးကို ထမ်းပိုးရင်း
လျှောက်ရင်း တက်ရင်း
အဝေးက ရွေနန်းကိုကြည့် ရင်း….
……………………
…………………….
တောင်တက်မိုးတွေ ညိုတော့
ရိုးမ ငိုပီလေ.



ရာမ ၂၅ အကြံပေး…တီး

Thursday, May 17, 2007

စိတ်

တဘက်သက် စီရင်ခြင်းခံရတဲ့ 
ကံတရား ဖြတ်ထုံး တခုကြောင့်
ရင်ခွင်ညှာထဲ ချိန်ခွင်လျှာက
လျှာထုတ်ပြနေတယ်.
ရယူပိုင်ဆိုင်ဖို့  နှစ်များစွာ ထိုးကြွေး
လိုချင်လွန်းလို့  လိုက်ရှာခဲ့တဲ့  အရာက
တကယ်တွေ့ တော…
မယူပဲ လှုချင်ခဲ့တယ်.

ငါ့အလှုကို အတုမယူ
သာဓု သာဓု လာမပြုနဲ့ 

ဘာကြောင့်လဲသိလား.

နှလုံးသွေးနဲ့  ရေစက်ချခဲ့လို့ ပါ.


ရာမ ၂၅

Tuesday, May 15, 2007

ရေ မရောသော လက်ဆောင်

မသန့် စင်သော ဘ၀မှာ
ဖြူစင်ခဲ့ဖူးတယ်.
စနစ်တကျ ရိုက်ချိုးခံခဲ့ရတဲ့ 
ရောင်းတန်းမ၀င်သော
အရက်ပလင်း တလုံးပေါ့.
ရေနဲ့  တံလျှပ် မှားပေါင်းများလဲ
ရေထင်နေတုံး.
မျှော်လင့်ခြင်းတွေက
အတိတ်စိမ်းပေးသလို
ဝေေ၀ ၀ါးဝါး.
သာယာခြင်းတွေ မျှတစွာစားသုံး
ကြည် နူးခြင်းတွေ ဝေခွဲ ပီးသည့်  နောက်
ဆုံနိုင်ခွင့် မရှိသော
ထာဝရ လက်ဆောင်တွေက
အပိုဆုလို ကျန်ခဲ့ပေါ့.


ရာမ ၂၅

Saturday, May 12, 2007

ရွာမရေ

ရွာမရေ

ကျွန်တော်ကဗျာမရေးတတ်ပါ စာမဖွဲ့တတ်ရှာ
သို့ပေသော်ငြား…ဆက်သော်အား ဖတ်ရှာလိုက်ပါ
ကျွန်တော့်စာတိုစာစလေးကိုသာ

ခင်ဗျားကို ကျွန်တော်ခင်ခဲ့တာ ချက်ရွမ်းကလေးဟာ
မထူးဆန်းတယ့် အင်တာနက်ခေတ်ထဲမှာ
ကာလရှည်ကြာ ခင်မင်မှူတွေ တိုးလျက်သာ
လူချင်းမမြင်နိုင်ပါ ပုံရိပ်မထင်ကြပါ
ဒါပေမယ့် ခင်မင်မှု မပျက်ပါ.


တီး

Friday, May 11, 2007

ငါ

ဆောက်တည်ရာမရ
ဒဏ်ရာတွေ ဗရပွနဲ့ 
သွေးရူးသွေးတမ်း အော်ဟစ်
နားခိုခဲ့သော ရင်ခွင်က သေဆုံး
အသဲနဲ့ ရင်းတဲ့  ကဗျာတွေ စားသုံး
မာယာတွေကို အကြိမ်ကြိမ် သုံးဖြုန်း.
ငါ…..
လူမဟုတ်ခဲ့ဘူး.
ချစ်တဲ့ သူ
သို့ တည်းမဟုတ်
တစ်ဘ၀ရဲ့  တခါကြုံခွင့်
သို့ တည်းမဟုတ်
မြတ်နိုးခြင်း…….
နောက်မကျသောနောင်တတွေ ကို
ရှေးဦးစွာ ရခဲ့ပီးသားမို့ 
ငါလေ
ရပ်တော့ ရပ်နေတယ်
ယိုင်နေလို့ 
မှီစရာ နံရံလေး တခုတော့ ပေးပါ.



ရာမ ၂၅

ဖြစ်နိုင်ရင်

သစ်ရွက်တွေ ကြွေ ပန်းတွေဝေ
လှလိုက်တဲ့  နွေ
လရိပ်ပြာတွေ ဆမ်း ညနေချမ်းတွေနဲ့ 
လှပါတယ် နွေရယ်
သို့ သော်…….
စိုရုံသွန်းဖြိုး ရွာသည့် မိုး
ပုလဲသီပန် က သည့် ဟန်
တိမ်ရောင် တိမ်ရိပ် ဂွမ်းဆိုင်လိပ်တွေနဲ့ 
လှပါတယ် မိုးရယ်
သို့ သော်…….
နွေနဲ့ မိုး
ရွေထက် တိုးအောင်
အဖိုးအနဂ ထိုက်လဲ
ဖြူစင်တဲ့ အဆင်း
အေးမြတဲ့  နှင်းရင်ခွင်ထဲ
ပျော်ခဲ့ဖူးသူမို့ 
သံသရာဆုံးတိုင်
ပြန်မလာနိုင်ဘူး ဆိုလဲ
ကျေးဇူးပြု ရ်ျ
……….
……….
ဆောင်းကို ပြန်ခေါ်ပေးကြပါ.




ရာမ ၂၅

Wednesday, May 9, 2007

သက်မဲ့ ဥယျာဉ်

ညောင်နာနာ အသဲတစ်ခုမှာ
လောင်နေတာ အချစ်မီးစပါ
ကြောင်တာဟာ မင်းအတွက်ပေမို့
လှောင်ရယ်ကာ မစာနာထားခဲ့ရင်
နောင်ကြဉ်မယ့် နစ်နာမှုတွေနဲ့
မှောင်ကွယ်ရာ မျက်နှာချပါလို့
သောင်ပြင်မှာ လွှတ်တဲ့ခွေးတစ်ကောင်လို
ယောင်ချာချာ လမိုက်ညတွေထဲ
ဟောင်အူရင်း ရူးချေဆိုက်လိမ့်မယ်
ဖောင်ပျက်သူ ဒီမောင်တစ်ဦးဟာ
တောင်ကျွန်းမှာ လွမ်းရေလျဉ်စီးပါလို့
ဒေါင်ချာလည် သစ္စာတုတွေထဲ
အောင်လံယိုင် လဲပြိုကျိုးခဲ့တယ်
ခေါင်ရန်းဝေနေတဲ့ …
ဥပေက္ခာ နှလုံးသားဥယျာဉ် ဖြစ်အင်ပေါ့။


ယွန်းမင်းငယ်

Monday, May 7, 2007

လျှောက်တော့

မကျန်ရစ်ပါဘူး
ချန် နေခဲ့တာပါ
အပြည့် အစုံ မဟုတ်ရင်တောင်
ဘောင်ဘင်မခတ်တဲ့  သံယောဇဉ်တွေလေ.
မပေးဆပ်ခဲ့ကြပါဘူး
နားလည်လွန်းခဲ့တာပါ.
မလွမ်းပါဘူး မဆွေးပါဘူး
အတွေးတွေထဲ ခန ၀င်လာတတ်တာပါ.
သွားဖို့  အဆင်သင့်ဖြစ်နေရင်
ခြေစုံရပ်လိုက်ပါ
ဖိနပ်ကြိုးလေး ချည်ပေးချင်လို့ ပါ.


ရာမ ၂၅

Wednesday, May 2, 2007

အမဲလိုက်ခံရသော တစ္ဆေ

မရောက်တာကြာလို့  လူ့ လောကထဲ
အလည်တခေါက် ရောက်ခဲ့တယ်.
အရင်ထက်စာရင် မုဆိုးနဲ့  ကျားတွေ ပိုများလာသလိုပဲ
ခက်ဆစ်တွေ ရောထားတဲ့  မုသားတွေလဲ ဈေးပေါပေါနဲ့  ၀ယ်လို့ ရနေပီ
လူတွေနဲ့ အတူ လူးတွေပါ တွေ့ ရတယ်.
လူနှင့်တူသော လူ
လူးနှင့်တူသော လူး
လူးနှင့်တူသော လူ
လူနှင့်တူသော လူး တွေလဲ ရှိတယ်.
အဲဒါတွေ အပေါ်မှာတော့
ကြယ်ရဲလေးတွေ တပွင့်စ နှစ်ပွင့်စ လင်းလက်နေတယ်.
ဘယ်သူမှ မသိပဲ ဖြုတ်ကနဲ ကြွေခဲ့ရတဲ့ 
ကြယ်ရဲလေးတွေကိုလဲ တွေ့ ရတယ်.
လူတချို့ ကတော့ ရာဇ၀င်ပြောင်းတဲ့ 
ကျောက်စာကို ထွင်းထုဖို့ 
ကျောက်တုံးကြီး ရှာနေတုံး.
တချို့ ကတော့ မေ့လျော့ခြင်းထဲမှာ အိမ်မက်လှလှလေးတွေနဲ့ 
တချို့ ကတော့ ရီဝေစွာ လျောက်လှမ်း
တချို့ က ငြိမ်းချမ်းရေးတေးတွေ သီကုံး
တချို့ ကတော့ ဘီလူးစီးနေကြလေရဲ့  .
အံသြစရာကောင်းတာက
လဒတွေ ရဲ့  မျိုးပွားနှုန်း က
ကြောက်စရာကောင်းလောက်အောင် တိုးပွားလာနေတယ်တဲ့ .
ပြောရင်း ဆိုရင်း အာရုဏ်အကျင်း
ငါ့အတွက် ညနေခင်းမှာ
ငါကိုယ်တိုင် သားကောင် ဖြစ်နေပီ.
ရီစရာကောင်းတာက
ငါဟာ တစ္ဆေဖြစ်နေလို့  ပဲ.



ဗညားကျော်

အလွှဲများနှင့် တသက်တာ

မိုးအဖြိုက် မစိုက်တဲ့ ပန်း
နမ်းရှိုက်ခွင့် ခက်မယ်မှန်း
သိရက်နဲ့  နွမ်း ဝေးရမှ လွမ်း.
သူများနဲ့ မတူတဲ့  ငါ့အတ်တကို ဘုံထုတ်ကြည့် တော့
ရွာအပြင် စားကျက်ပေါ်မှာ ငါပေါ့
ဒါတောင် မြက်တွေကို လျှာနဲ့  လျှက်ကြည့် နေတုံး .
ဒဏ်ရာကပြင်း
သွေးတွေအကြိမ်ကြိမ် အန်လို့ 
ညဈေးတန်းတွေမှာ
ဆေးဝါးအတုတွေ မှီဝဲခဲ့ရပေါ့.
စိန်တွေစီ တိမ်ရထား
မှီလို မှီငြား
ကုန်းကြောင်းလျှောက်ရင်းနဲ့ …….
ပန်းပွင့်ခဲ့တာ သေချာပါတယ်
လရောင်ဆမ်းလို့  လား
ပျင်းယောင် သမ်းလို့ လား.



ရာမ ၂၅

Monday, April 30, 2007

ကစားပွဲ

ရင်နဲ့  ရင်းခဲ့တာမှန်၇င်
ရှေ့ နဲနဲ တိုးလာပါ.
ကျေးဇူးပြုရ်ျ..
အစိမ်းရောင် မျက်ဝန်းနဲ့ 
သားကောင် လို မကြည့် ပါနဲ့ .
အစစ်တွေကိုထုပ်ပိုး လာသူမို့ ပါ.
မာယာမပါတဲ့  ကစားပွဲဆို
ဒီဘ၀အပြင် နောက်ဘ၀ပါ
ထပ် လောင်းပါရစေ.
လောင်းကြေးက ………….အေးဆေးပါ
စည်းကမ်းလေး တခုတော့ ပြောချင်တယ်…
(((ဟန်ဆောင်တာတွေ ထားခဲ့ပါ)))

(((ဟန်ဆောင်တာတွေ ထားခဲ့ပါ)))

(((ဟန်ဆောင်တာတွေ ထားခဲ့ပါ)))


ရာမ ၂၅

အပေါစား ပြက်လုံး

အခေါင်းမပါပဲ
မြေနေရာ တခုလိုပါတယ်
ဦးခေါင်းကိုဝှက် ချင်လို့ ပါ.
ရေတွင်းထဲက ဖားသူငယ်
အဲဒီ ဘ၀ ကလွတ်ချင်တယ်………
တံဆိပ်ခေါင်းကပ်ပီးသား
စာအိတ်ခွံတလုံးထဲ
ဘ၀တခုလုံး ထိုးထည့် ကြည့် ဖို့ ………….
နည်းပညာတွေဆန်းသစ်မှ
စိတ်ညစ်ရတာ ပိုများလာတယ်
တရွာတပုဒ်ဆန်း
တကျောင်းတဂါထာ
ထိုနေရာမှာ လူဖြစ်
အက်စစ်တွေလိမ်းကြံလို့ 
ဘေထုပ်ထဲက သီအိုရီအဟောင်းများ
အမှိုက်ပုံက စကားလုံး အကြွင်းအကျန်များ
ခုနှစ်အိမ်တန်းက ညနေချမ်းမှာတော့
ငါ..ကုတ် အင်္ကျီတဖားဖားနဲ့ ပေါ့…
ကဲ..ထောင့်မကျိုးလိုက်ပုံက
ဆွဲကြိုးချကာနီးမှ
လည်ပင်းအစ်မှာကြောက်သတဲ့ ….



နေမိုး

Friday, April 6, 2007

ဝလုံးနဲ့  ငတုံး

ရင်ထဲခို သိုတဲ့ ပုံရိပ်
လိုအင်ဆန္ဒနဲ့ 
တော်ဝင်အောင် ပန်းချီဆွဲ
သွေးရောင်လွမ်း စုတ်ချက်ကြမ်း
ကောက်ကြောင်းတွေ ကွေး
နောက်ကြောင်းရယ် တွေး
အလင်းအမှောင်တွေ မမျှတ
ရှင်းအောင်လဲ မပြတတ်
အနုအစိတ် ညွန်းဆိုမရ
ယခု အတိတ် ရသက
လမင်းကြီး ဆွဲချင်ပေမဲ့ 
ဝလုံး မ၀ိုင်းတတ်ခဲ့တဲ့ 
ကတုံးဆံတောက်နဲ့ 
ငတုံးတယောက်ပေါ့.

ရာမ၂၅

Thursday, April 5, 2007

တံခါး

ရွာလဲ ရွာ
ညိုတဲ့  မိုး
မစိုခဲ့ဘူး.
ပြန်မယ်ဆို မငိုနဲ့ 
လာမယ်ဆို ကြိုခဲ့ 
အစွန်းအထင်းမရှိတဲ့  စကားတွေနဲ့ 
အဆုံးထိ မဖွင့်ခဲ့တဲ့  တံခါးရယ်ပါ.

ရာမ ၂၅

Thursday, March 29, 2007

သင်္ကြန် အလွမ်း

ဂိန်မာန်တန်ခူး အလှထူး
အပျော်တွေလဲ ကျူး
ပိတောက်တွေပျို ညနေဆို
ညိုမြတွေ အလှပို
ရေစိုအလှ ရှုမဝ
သက်ပြင်းတွေသာ ချ
ဒီလရောက်ရင် နေမရ
ပိုးတွေက ထ ဖင်တကြွကြွ
ငွေငန်းတွေနဲ့ေ၇ွှမန်းသူတွေ က
ရေစိုကုန်တဲ့  ရန်ကုန်သူတွေ လှ
ရနံ့  ရနံ့  သင်္ကြန် ရနံ့ 
နံ့ နံ့ ……နံ့ နံ့ ……….နံ့ 
သင်္ကြန်……………….ရေ
ဘယ်မှာ မှန်း
မြနန္ဒာနဲ့  လွမ်း.

ရာမ ၂၅

ဘ၀ အိမ်

ဘ၀ကို ဆေးခြယ်သီကုံး
လက်ရေးမလှ စာမရ
အဖုအထစ်များမြောင်
လူတို့ ဘောင်
ရှိုက်လိုက် ငိုလိုက် ရီမောလိုက်
တွန်းတိုက်ပိန်လိမ် ဘ၀အိမ်
ဒဏ်ချက် ဗရပွ ဆေးကွာကျ
ရုပ်လုံး ချိနဲ့  ယိုင်လဲချိန်
ဂစ်တာအိုလဲ သံစဉ်ချိုတွေအတွက်
ဆွံ့  အနေခဲ့ပီ.

ရာမ ၂၅

မျဉ်းပြိုင်

မျဉ်းပြိုင်တွေက ပြိုင်မြင်းလို
တရိပ်ရိပ် ပြေးလွား
ဝေးကွာကျန်ရစ်ခဲ့တဲ့  သံလမ်းများ
တစ်နေရာရာမှာ ဆုံနိုင်မလား
မဆုံနိုင်အောင် ပြိုင်ခဲ့ကြတဲ့ 
သံလမ်းနှစ်ခုက
ဘူတာ တစ်ခုခု တော့ ရောက်စေခဲ့တယ်.
လမ်းဆုံးရင် ရွာ
ဒါမှမဟုတ်
သိမ် ကုပ် နေတဲ့ 
ဇနပုဒ်
တခုခုတော့ ရောက်မှာပါ .

ရာမ ၂၅

Tuesday, March 27, 2007

ထာဝရခရီးသည်များအတွက် ပန်းခင်းလှေ

သံသရာ ဘ၀ပေါင်းများစွာထဲ
ခရီးမျိုးစုံ ထွက်ခဲ့ကြ
နှတ်ဆက်လို့လည်း သွား
ရုတ်တရက်လည်း သွား
ဘာသာအမိန့်တော် ခံယူလို့လည်း နှင်
ကြမ္မာကြောင့်လည်း နှင်
တောင်းဆုတွေပြု ကောင်းမှုတွေ စုလို့  ထွက်ခွာကြ.
အားလုံးထဲက နောက်ဆုံးခရီး
အဖော်မရှိလည်း မငြီးစေ
လိုရာသို့သာ သွားလေ.
အကျည်းတန် အဖြစ်ဆိုး
အထီးကျန် ဘ၀မှိုင်းသူများအတွက်
မြေအောက် သင်္ချိုင်း ဗိမာန် မရိုင်းစေဖို့ 
အဖိုးအခမယူ ကူးတိုးခ လှူတဲ့
ပန်းခင်းလှေ ရှိတယ်.

ပန်းခင်းလှေ၏ လှေထိုးသားများ

(( မြန်မာနိုင်ငံ အရပ်ရပ်ရှိ ဆင်းရဲချို့တဲ့၍ ဈာပနအတွက် ငွေရေးကြေးရေး မတတ်နိုင်သူများ နောက်ဆုံးခရီး လှပစေရန် သူငယ်ချင်းတစ်စုက စုပေါင်း၍ လစဉ် ထောက်ပံ့လျက်ရှိပါသည်. အမှန်တကယ် အခက်အခဲရှိသူများ တွေ့ရှိပါက ဆက်သွယ်နိုင်ပါသည်. ))

Saturday, March 24, 2007

ဧရာဝတီ


Designed By Ngwelamin

မျက်ဝန်းညိုရှင်


Designed By Ngwelamin

မေ့ပျောက်စွာ လွမ်း


Designed By Ngwelamin

Wednesday, March 21, 2007

သံသရာ၌


Designed by Tee

Tuesday, March 20, 2007

ဘ၀ဆက်တိုင်း


Designed by ngwelamin

Saturday, March 17, 2007

အဖြူရောင် သူငယ်ချင်းများ သို့


Designed by yarma25

လေရူးမွေ့တော့


Designed by Tee

Friday, March 16, 2007

ပန်းခတ်ပျားများ


Designed by yarma25

Monday, March 12, 2007

လမင်းနဲ့မင်း ကြယ်တွေနဲ့သူ


Designed by Tee

Saturday, March 10, 2007

မြစ်ကျိုးအင်း


Designed by Tee

Friday, March 9, 2007

၅၂၈


Designed by Tee

အဆိပ်သင့် နှလုံးသား


Designed by Tee

Friday, March 2, 2007

( ၂.၂၄.၂၀၀၇ )


Designed by yarma25

Thursday, March 1, 2007

နှင်ပါစေ


Designed by Tee

ခရောင်းလမ်းက ကြိုနေမယ်


Thursday, February 22, 2007

ခေါင်းစဉ်


Designed by Tee

လမ်း


Designed by Tee

မြတ်နိုးစွာ ချစ်တတ်ခြင်း


ဒီနေ့အတွက်ထပ်တင်ဖြစ်တာပေါ့။
Designed by Tee

သတ်ပုံမှားတယ့် ဘလော့ဂ်


Designed by Tee

သတ်ပုံမှားတဲ့ ဘလော့ဂ်

သတ် ပုံမှားများနှင့်ဘလော့ခ်။ သတ်ပုံအမှားတွေပါနေတာကို ပြန်ပြန်ပီးတော့ဖတ်ကြည့်မှတွေ့ရတာမို့ အားနာလို့ရေးဖြစ်တာပါ။ နောက်ထပ်တင်မယ့်ပို့စ်တွေမှာ အမှားများကင်းအောင် အတတ်နိုင်ဆုံး ပြန်ပီးစစ်ဆေးပါ့မယ့်လို့။

ရာသက်ပန် ထာဝရ


နောက်ထပ်အသစ်တစ်ပုဒ်ပါ ။
Designed by Tee

Monday, February 19, 2007

သူငယ်ချင်း


Designed by Tee

မုန်ရစ်ဦးတော့


Designed by Tee