ငါ
ဆောက်တည်ရာမရ
ဒဏ်ရာတွေ ဗရပွနဲ့ 
သွေးရူးသွေးတမ်း အော်ဟစ်
နားခိုခဲ့သော ရင်ခွင်က သေဆုံး
အသဲနဲ့ ရင်းတဲ့  ကဗျာတွေ စားသုံး
မာယာတွေကို အကြိမ်ကြိမ် သုံးဖြုန်း.
ငါ…..
လူမဟုတ်ခဲ့ဘူး.
ချစ်တဲ့ သူ
သို့ တည်းမဟုတ်
တစ်ဘ၀ရဲ့  တခါကြုံခွင့်
သို့ တည်းမဟုတ်
မြတ်နိုးခြင်း…….
နောက်မကျသောနောင်တတွေ ကို
ရှေးဦးစွာ ရခဲ့ပီးသားမို့ 
ငါလေ
ရပ်တော့ ရပ်နေတယ်
ယိုင်နေလို့ 
မှီစရာ နံရံလေး တခုတော့ ပေးပါ.
ရာမ ၂၅
No comments:
Post a Comment